ဆေးပညာရှင်တွေကြားမှာ Fat or Carbs ကိုငြင်းခုန်နေတာပါ။ အခုတော့ အဆီကိုပိုလျှော့ပါတဲ့။
အချိုစားတာနည်းရင် အဆီဖြစ်တာနည်းမယ်။ အဆီကိုပိုလျှော့ရင် အလေးချိန်ပိုကျတယ်။ သီအိုရီက အမျိုးမျိုး။ အချိုလျှော့စားရင် အင်စူလင်အထွက်နည်းမယ်။ ဆက်ပြီး သိုလှောင်ထားတဲ့အဆီကို ထုတ်သုံးစေမယ်။
လေ့လာမှုမှာ အလွန်ဝတဲ့ လူ ၁၉ ယောက်ကို တနေ့မှာ ကယ်လိုရီ ၂၇ဝဝ စားစေတယ်။ ၂ ပါတ်အတွင်းမှာ ကယ်လိုရီ ၃ ပုံ ၁ ပုံသာစားစေတယ်။ ကယ်လိုရီလျှော့ဘို့ ၂ မျိုးရှိတယ်။ အချိုလျှော့တာနဲ့ အဆီလျှော့တယ်။ သူတို့အသက်ရှူရာက ထွက်တဲ့ အောက်စီဂျင်နဲ့ ကာဗွန်ဒိုင်အောက်ဆိုက်ကို တိုင်းတာတယ်။ သူတို့ဆီးထဲက နိုက်ထရိုဂျင်ကိုလည်းတိုင်းတယ်။
၆ ရက်နေတဲ့အခါ အဆီလျှော့သူတွေမှာ အဆီအလေးချိန် ၄၆၃ ဂရမ်လျှော့လာပြီး၊ ကာဗွန်ဟိုက်ဒရိတ်လျှော့သူတွေမှာ ၂၄၅ ဂရမ်သာလျှော့တယ်။
ဒေါက်တာတင့်ဆွေ
၁၄-၈-၂ဝ၁၅

0 Comments